ဟေရှာယအနာဂတ္တိကျမ်း။

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66


အခနျး ၁၂

ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ မည်။အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တဖန် အမျက်တော်ငြိမ်း၍၊အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။
2 ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။
3 သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ် တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။
4 ထိုကာလ၌လည်း ထာဝရဘုရား၏ ဂုဏ်တော် ကိုချီးမွမ်းကြလော့။ နာမတော်ကို ပဋ္ဌနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့။
5 ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။ အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘု ရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။
6 ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။ အိုဇအုန် သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘု ရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။