ကြွင်းသောအရာကြော်ငြာအိပ်စက်ခြင်း


  • မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။ အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
    ယောဘဝတ္ထု။ 11:18,19
  • ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။
    ဆာလံကျမ်း 3:5
  • ငြိမ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူ ကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ် တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏။
    ဆာလံကျမ်း 4:8
  • ညဉ့်အခါဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြှားကို၎င်း၊
    ဆာလံကျမ်း 91:5
  • စောစောထလျက်၊ ညဉ့်နက်သည်တိုင်အောင် မအိပ်ဘဲနေလျက်၊ ပင်ပန်းစွာ အစာစားလျက်နေသော် လည်း အကျိုးမရှိ။ အိပ်ပျော်ရသော အခွင့်ကို ချစ်တော်မူ သော သူအားအမှန်ပေးတော်မူ၏။
    ဆာလံကျမ်း 127:2
  • အိပ်သောအခါ ကြောက်စရာမရှိရ။ကောင်းမွန် စွာ အိပ်ပျော်ရလိမ့်မည်။
    သုတ္တံကျမ်း။ 3:24
  • အလုပ်လုပ်သောသူသည် များစွာစားသည် ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ၊ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏ စည်းစိမ်မူကား၊ စည်းစိမ်ရှင်ကို အအိပ် ပျက်စေတတ်၏။
    Ecclesiastes 5:12
  • ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
    ဟေရှာယအနာဂတ္တိကျမ်း။ 57:2
  • သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သော နေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရားအဘို့ သန့်ရှင်းသောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလိုသို့မလိုက်၊ ကိုယ်စကားကို မပြောဘဲ နေ၍ ထိုနေ့ကို ရိုသေလျှင်၊ သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာ မြင့်သော အရပ်တို့ကို ငါစီးစေ၍၊ သင့် အသယာကုပ်၏အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရ ဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။
    ဟေရှာယအနာဂတ္တိကျမ်း။ 58:13, 14
  • သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
    ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ 10:31
  • ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဘို့အလိုငှါ ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး၏။ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူသည် နည်းတူ၊ ထိုချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။
    ဟေဗြဲ​ဩဝါဒစာ။ 4:9,10